+66 (0) 2294-0281-6 siamtraffic@yahoo.com
203 Soi Chokchai Jongjamreon, Rama 3 Road, Bangpongpang, Yannawa, Bangkok Thailand 10120

ပလတ်စတစ်ရေတံတိုင်း ရေကာဘာရီယာ ဘာရီယာ Water barrier

ရေတံတိုင်း သို့မဟုတ် ရေကာဘာရီယာကို လိုင်းခွဲခြားကာရာတွင်နှင့် အရေးပေါ်အခြေအနေ၌ ကားများကိုတားဆီးရန် သို့မဟုတ် ယာဉ်ကြောသွားလမ်းကိုပြောင်းလဲရန်အတွက် ယာဉ်ကြောစနစ်စီမံခန့်ခွဲရာ၌ သုံးသည်။ ၎င်းကို အတန်းရှည်အလိုက် အခုံးနှင့် ထောင့်ချိုး၍ ဆက်စီနိုင်သည်။ မာကျော၍ ဆွဲဖိအားခံနိုင်ကာ ကွဲရှလွယ်မှုမရှိပဲ အားလုံးသောရာသီဥတုဒဏ်ခံနိုင်သည့် ပိုလီအီသိုင်လင်း (Polyethylene) အမျိုးအစားပလတ်စတစ်မှ ထုတ်လုပ်ထားသည်။ ရေ သို့မဟုတ် သဲကို ၎င်းအား သင့်တော်သည့်ပမာဏဖြည့်သွင်းပေးခြင်းဖြင့် ကြံ့ခိုင်မှုနှင့် အလေးချိန်ကို တိုးပေးနိုင်သည်။ ရေတံတိုင်းသည် သံ၊ ကွန်ကရစ်တံတိုင်းများနှင့်မတူပဲ ကျုံ့ဆန့်နိုင်ခြင်းကြောင့် မတော်တဆဖြစ်ပြင်းထန်မှု အတိုင်းအဆနှင့် ယာဉ်မောင်းသူ၏အန္တရာယ်ကို လျော့ပါးစေ၍၊ ယာဉ်အား များစွာပျက်စီးမှု မဖြစ်စေပါ။ အသုံးပြုပြီးသည့်အခါ ရေ၊ သဲကို ထုတ်ပစ်၍ လွယ်ကူစွာရွှေ့ပြောင်းနိုင်သည်။ အလေးချိန်ပေါ့သဖြင့် ဆောင်ယူအသုံးပြုမှု၌ လွယ်ကူအဆင်သင့်ရှိစေသည်။ ရေတံတိုင်းကို လိမ္မော်နှင့် အဖြူဟူ၍ အရောင် (2)မျိုးရွေးချယ်စရာ ရှိပါသည်။ စယမ်းထရက်ဖိခ်ကုမ္ပဏီလိမိတက်၏ ရေတံတိုင်းသည် အရွယ်အစား (3)မျိုး ရှိပါသည်။

SQ.1 အမျိုးအစားရေတံတိုင်း SQ.1 အမျိုးအစားရေတံတိုင်း

  • အောက်ခြေအကျယ် (50) စင်တီမီတာ
  • အမြင့် (80) စင်တီမီတာ
  • အရှည် (100) စင်တီမီတာ
SQ.1.5 အမျိုးအစားရေထည့်ပလတ်စတစ်ဘာရီယာ SQ.1.5 အမျိုးအစားရေထည့်ပလတ်စတစ်ဘာရီယာ

  • အောက်ခြေအကျယ် (45) စင်တီမီတာ
  • အမြင့် (55) စင်တီမီတာ
  • အရှည် (150) စင်တီမီတာ
Plastic Barrier SQ.2 SQ.2 အမျိုးအစားရေကာပလတ်စတစ်ဘာရီယာ

  • အောက်ခြေအကျယ် (50) စင်တီမီတာ
  • အမြင့် (100) စင်တီမီတာ
  • အရှည် (200) စင်တီမီတာ