+66 (0) 2294-0281-6 siamtraffic@yahoo.com
203 Soi Chokchai Jongjamreon, Rama 3 Road, Bangpongpang, Yannawa, Bangkok Thailand 10120

လမ်းတားကတော့ ကားကြိတ်ခံလမ်းတားကတော့ ကတော့ Traffic Cone

လမ်းတားကတော့

လမ်းတားကတော့ ဘေးကင်းမှုရှိစေသည့် ယာဉ်ကြောထိန်းကျောင်းကြီးကြပ်မှုစနစ်အတွက် ရှုထောင့်အသစ်မှ တီထွင်ဖန်တီးမှုဖြစ်သည်။”

စယမ်းထရက်ဖိခ် ကုမ္ပဏီလီမိတက်၏ လမ်းတားကတော့ကို နိုင်ငံတကာစံနှုန်းနှင့်ညီ၍ လမ်းယာဉ်ကြော တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းနှင့် ယာဉ်ကြောပြောင်းလဲခြင်းလုပ်ငန်းတို့၌ ယာဉ်မောင်းသူများအတွက် နေ့ရော ညပါ ကောင်းစွာမြင်တွေ့နိုင်စေပြီး ပိုမိုဘေးကင်း စေရန်အတွက် ယာဉ်ကြောဆိုင်ရာလုပ်ငန်းအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ 

 

စယမ်းထရက်ဖိခ် ကုမ္ပဏီလီမိတက်၏ လမ်းတားကတော့သည် ကားကြိတ်ခံရသည့်အခါ ကွဲကြေသွားမှုမရှိပဲ နဂိုမူလပုံစံအတိုင်းပြန်လည် ရောက်ရှိနိုင်သည်။

စူပါ ဂျမ်ဘို မိုဒယ် လမ်းတားကတော့ ရောင်ပြန်စတီကာပြားကပ်ထားပြီး၊

စူပါ ဂျမ်ဘို မိုဒယ် လမ်းတားကတော့

(ကတော့အရွယ်အစား အမြင့် 100 စင်တီမီတာ၊ အောက်ခြေအကျယ် 50 x 50 စင်တီမီတာ)

စူပါ ဂျမ်ဘို မိုဒယ် လမ်းတားကတော့

LLDPE ပလတ်စတစ်သားမှ ထုတ်လုပ်ထား၍၊ မာကျောပြီး စေးကပ်၍ဆွဲဖိမှုဒဏ်ခံနိုင်သည်။ သင့်တင့်သည့်အလေးချိန်ရှိ၍ UV ခရမ်းလွန် ရောင်ခြည်ကာကွယ်သည့်ဆေးရောစပ်ထားသဖြင့် ဆေးရောင်မွဲလွင့်ပြယ်မှု မရှိစေပါ။ ကတော့ကို ရောင်ပြန်တိပ်ပြား(Engineer Grade) 3 လိုင်းအထိပတ်နိုင်၍၊ ညဖက်၌ အလင်းရောင်တိုးပြီး ထင်ရှားစွာတွေ့မြင်စေနိုင်သည်။ ထို့အပြင် ၎င်းကို ဆိုင်းဘုတ်ပြားချိတ်ညှပ်ကလစ်နှင့် လမ်းတားတံတို့နှင့် အံကျစွာတွဲဖက်၍ သုံးနိုင်သည်။

ဂျမ်ဘို A မိုဒယ် လမ်းတားကတော့ ရောင်ပြန်စတီကာပြားကပ်ထားပြီး၊

ဂျမ်ဘို A မိုဒယ် လမ်းတားကတော့

(ကတော့အရွယ်အစား အမြင့် 80 စင်တီမီတာ အောက်ခြေအကျယ် 45 x 45 စင်တီမီတာ)

ဂျမ်ဘို A မိုဒယ် လမ်းတားကတော့

EVA ဂရိတ်(A) ပလပ်စတစ်သားစေ့အသစ်မှ ထုတ်လုပ်ထား၍၊ အသားထူပြီး ကားကြိတ်၍ မကွဲကြေပဲ မူလပုံစံအတိုင်း ပြန်ရောက်နိုင်သည်။ သင့်တင့်သည့်အလေးချိန်ရှိ၍ UV ခရမ်းလွန်ရောင်ခြည်ကာဆေးရောစပ်ထားသဖြင့် ဆေးရောင်မွဲလွင့်ပြယ်မှု မရှိစေပါ။ ကတော့ကို ရောင်ပြန် တိပ်ပြား(Engineer Grade) ပတ်နိုင်သည့်အပြင် ဆိုင်းဘုတ်ပြားချိတ်ညှပ်ကလစ်နှင့် လမ်းတားတုတ်တံတို့ဖြင့် အံကျစွာတွဲ၍သုံးနိုင်သည်။ 

အလတ်စား B မိုဒယ် လမ်းတားကတော့ ရောင်ပြန်စတီကာပြားကပ်ထားပြီး၊

အလတ်စား B မိုဒယ် လမ်းတားကတော့

(ကတော့အရွယ်အစား အမြင့် 70 စင်တီမီတာ၊ အောက်ခြေအကျယ် 36×36 စင်တီမီတာ)

အလတ်စား B မိုဒယ် လမ်းတားကတော့

EVA ဂရိတ်(A) ပလပ်စတစ်သားစေ့အသစ်မှ ထုတ်လုပ်ထား၍၊ အသားထူကာ ကားကြိတ်၍မကွဲကြေပဲ မူလပုံစံအတိုင်း ပြန်ရောက်နိုင်သည်။ သင့်တင့်သည့်အလေးချိန်ရှိ၍ UV ခရမ်းလွန်ရောင်ခြည်ကာကွယ်သည့်ဆေးရောစပ်ထားသဖြင့် ဆေးရောင်မွဲလွင့်ပြယ်မှု မရှိပါ။ ကတော့ကို အမှာစာရှိသည့်အတိုင်း ရောင်ပြန်တိပ်ပြား(Engineer Grade) ပတ်ပေးနိုင်၍၊ သွယ်လျအချိုးအစားညီသည့် ပုံပန်းသဏ္ဌာန် ရှိသည်။

F မိုဒယ် လမ်းတားကတော့ ရောင်ပြန်စတီကာပြားကပ်ထားပြီး၊

F မိုဒယ် လမ်းတားကတော့

(ကတော့အရွယ်အစား အမြင့် 80 စင်တီမီတာ၊ အောက်ခြေအကျယ် 42 x 42 စင်တီမီတာ)

F မိုဒယ် လမ်းတားကတော့

EVA ဂရိတ်(A) ပလပ်စတစ်သားစေ့အသစ်မှ ထုတ်လုပ်ထား၍၊ အသားထူပြီး ကားကြိတ်၍မကွဲကြေပဲ မူလပုံစံအတိုင်း ပြန်ရောက်နိုင်သည်။ သင့်တင့်သည့်အလေးချိန်ရှိ၍ UV ခရမ်းလွန်ရောင်ခြည်ခံဆေးရောစပ်ထားသဖြင့် ဆေးရောင်မွဲလွင့်ပြယ်မှု မရှိစေပါ။ ကတော့ကို အမှာစာ ရှိသည့်အတိုင်း ရောင်ပြန်တိပ်ပြား(Engineer Grade) ပတ်ပေးနိုင်သည်။

စယမ်းထရက်ဖိခ် ကုမ္ပဏီလီမိတက်သည် အခြားလမ်းတားကတော့မိုဒယ်အသစ် (2)မျိုးကို ဆက်လက်၍တီထွင်ထုတ်လုပ်လျက် ရှိသည်။ တစ်မျိုးမှာ အမြင့်(70)စင်တီမီတာနှင့် အောက်ခြေအကျယ်(36 x 36)စင်တီမီတာ အရွယ်အစားရှိ လမ်းတားကတော့ဖြစ်၍ MM အမျိုးအစား ပလပ်စတစ်မှ ထုတ်လုပ်ပြီး၊ မာကျော၍ဖိဆွဲမှုခံနိုင်သည်။ ကတော့ကို ရောင်ပြန်တိပ်ပြား(Engineer Grade) ပတ်နိုင်၍ EVA အမျိုးအစား ပလတ်စတစ်စေ့အမျိုးအစားကတော့ထက် ဈေးသက်သာသည်။

ကတော့အရွယ်အစား - အမြင့် 70 စင်တီမီတာ ရောင်ပြန်စတီကာပြားကပ်ထားပြီး၊ ကတော့အရွယ်အစား – အမြင့် 70 စင်တီမီတာ ကတော့အရွယ်အစား - အမြင့် 70 စင်တီမီတာ

နောက်တစ်မျိုးမှာ အမြင့် (80) စင်တီမီတာနှင့် အောက်ခြေအကျယ် (42 x 42) စင်တီမီတာ အရွယ်အစားရှိလမ်းတားကတော့ဖြစ်ပြီး၊ MM အမျိုးအစားပလပ်စတစ်မှ ထုတ်လုပ်ထား၍၊ မာကျော၍ဖိဆွဲမှုခံနိုင်သည်။ ဤကတော့ကို ရောင်ပြန်တိပ်ပြား(Engineer Grade) ပတ်နိုင်၍ EVA အမျိုးအစားပလတ်စတစ်စေ့အမျိုးအစားကတော့ထက် ဈေးသက်သာသည်။

ကတော့အရွယ်အစား - အမြင့် 80 စင်တီမီတာ ရောင်ပြန်စတီကာပြားကပ်ထားပြီး၊ ကတော့အရွယ်အစား အမြင့် 80 စင်တီမီတာ

 

ကတော့အရွယ်အစား - အမြင့် 80 စင်တီမီတာ

ထို့အပြင် စယမ်းထရက်ဖိခ် ကုမ္ပဏီလီမိတက်၏ လမ်းတားကတော့များကို လုပ်ငန်းဆောင်ရွက်မှုပို၍ထိရောက်စေရန် အခြားကိရိယာပစ္စည်း များနှင့်အတူတွဲ၍ အဖိုးထိုက်တန်စွာ သုံးစွဲနိုင်သည်။ ကတော့ကို တည်ဆောက်၊ ပြုပြင်မွမ်းမံမှုလုပ်ငန်းများ၌ လုံလောက်သည့်ဘေးကင်းမှု ရှိစေရန် ယာဉ်ကြောအမှတ်အသားပြဆိုင်းဘုတ်ပြားများနှင့်အတူတွဲ၍ သုံးနိုင်သည်။ ကတော့အုပ်ဆိုင်းဘုတ်ပြားအား မြဲမြံအောင်ချုပ်ရာတွင် သုံးသည့် ကတော့စွပ်ညှပ်ကလစ်သည် သံချေးမတက်သည့် သွပ်ရည်စိမ်သံညှပ်ဖြစ်၍၊ ကတော့မှ ၎င်းကိုလွယ်ကူစွာ ဖြုတ်တပ်နိုင်သည်။

ဆိုင်းဘုတ်ပြားကပ်ညှပ်ရန်ကတော့စွပ်ညှပ်ကလစ် ဆိုင်းဘုတ်ပြားကပ်ညှပ်ရန်ကတော့စွပ်ညှပ်ကလစ်

လမ်းတားစက်လက်တံသည် အလူမီနီယမ်လှိုင်းတွန့်အမျိုးအစားဖြစ်၍ လိမ်ကိုင်းမှုမရှိပဲ၊ (1-6) မီတာအထိ အစားစားအရှည်ရှိသည်။ လမ်းတားစက်ရှေ့၌ အဖြူအနီကျားနှင့် အဝါအနက်ကျားလိုင်း ရောင်ပြန်တိပ်ကပ်ထားသည်။ အကျားလိုင်းတည့်နှင့် လိုင်းစောင်းပုံစံဟူ၍ရှိပြီး သင့်တော်သလို ရွေးချယ်အသုံးပြုနိုင်သည်။

အလူမီနီယမ်လမ်းတားလက်တံသည် အနီအဖြူကျားနှင့် အလူမီနီယမ်လမ်းတားလက်တံသည် အဝါအနက်ကျား ဟူ၍ ရှိသည်။

အရှည်ကျုံ့ဆန်နိုင်သည့် လမ်းတားကတော့ကာပိုက်လုံး မဝင်ရနေရာ၊ ဆောက်လုပ်ရေးနေရာ၊ အန္တရာယ်ရှိနေရာစသည့် ဧရိယာတားဆီး သတ်မှတ်ရန်အတွက် ရော်ဘာလမ်းတားကတော့အား ၎င်းပိုက်လုံးဖြင့် စွပ်၍ကာနိုင်သည်။

အရှည်ကျုံ့ဆန်နိုင်သည့် လမ်းတားကတော့ကာပိုက်လုံး အရှည်ကျုံ့ဆန်နိုင်သည့် လမ်းတားကတော့ကာပိုက်လုံး အရှည်ကျုံ့ဆန်နိုင်သည့် လမ်းတားကတော့ကာပိုက်လုံး အရှည်ကျုံ့ဆန်နိုင်သည့် လမ်းတားကတော့ကာပိုက်လုံး

Incoming search terms:

  • rambu kuning hitam
  • makna rambu rambu gambar orang berjalan kaki safety pertambangan