+66 (0) 2294-0281-6 siamtraffic@yahoo.com
203 Soi Chokchai Jongjamreon, Rama 3 Road, Bangpongpang, Yannawa, Bangkok Thailand 10120

ရောင်ပြန်ဟပ်တွယ်စိုက်တုံး လမ်းသားတွယ်ကပ်တုံး အီပေါ့စီကော်လမ်းသားတွယ်ကပ်ဖန်လုံး Road Stud

စယမ်းထရက်ဖိခ် ကုမ္ပဏီလီမိတက်၏ ရောင်ပြန်ဟပ်တွယ်စိုက်တုံးကို ဘေးကင်းလုံခြုံမှုတိုးစေရန်နှင့် မတော်တဆဖြစ်မှုလျှော့ချရန်အတွက် လမ်းဧရိယာကို ခွဲခြားသတ်မှတ်ရာ၌ သုံးသည်။ ဝင်ရိုးပါရှိသောအမျိုးအစားဖြစ်၍ အလူမီနီယမ်သတ္တုစပ်မှ ထုတ်လုပ်ထားပြီး၊ ပလတ်စတစ် အခရီလစ်ရောင်ပြန်ဟပ်ပြား၊ ပရီဇမ်ဖန်တုံးပုံစံရောင်ပြန်ဟပ်ပြားကို မျက်နှာ (2) ဖက် သို့မဟုတ် (1) ဖက်၌ တပ်ထားသည်။ ထို့အပြင် ညဖက်၌ရောင်ပြန်ဟပ်မှုနှုန်းကောင်းစေရန်အတွက် မှန်သားလွှာပါးပါးဖြင့် ထပ်၍ အုပ်ပေးထားသည်။ အဖြူ၊ အဝါ၊ အနီဟူ၍ ရွေးချယ်စရာ အရောင် (3) ရောင်ရှိသည်။ 

လမ်းသားတွယ်ကပ်တုံး ရောင်ပြန်ဟပ်တွယ်စိုက်တုံး လမ်းသားတွယ်ကပ်ဖန်လုံး လမ်းသားတွယ်ကပ်ဖန်လုံး ရောင်ပြန်ဟပ်တွယ်စိုက်တုံး လမ်းသားတွယ်ကပ်တုံး

ရောင်ပြန်ဟပ်တွယ်စိုက်တုံး၏ အထူးဂုဏ်အရည်အချင်းများ

  • ရှင်းလင်းပြတ်သားမှုနှုန်းမြင့်သည့် အလင်းရောင်ပေး
  • ကြံ့ခိုင်၊ ကွဲရှလွယ်မှုမရှိ ကုန်တင်ကားတန်ချိန်(40)အထိ အလေးချိန်ခံနိုင်
  • တာရှည်ခံသုံးစွဲနိုင်၊ ရာသီဥတုအခြေအနေအားလုံး၌အကြမ်းခံ
  • ကိုက်စားမှုခံမျက်နှာပြင်ရှိ မိမိဖာသာသန့်ရှင်းရေးပြု
  • အသုံးပြုမှုသက်တမ်းကာလတစ်လျှောက်လုံး ရောင်ပြန်ဟပ်နှုန်း ကျဆင်းမှုမရှိ
  • အရွယ်အစား : 100 x 100 x 25 မီလီမီတာ

လမ်းသားတပ်(360)ဒီဂရီ ရောင်ပြန်ဟပ်ဖန်လုံး

ထို့အပြင် လမ်းသားတပ်(360)ဒီဂရီ ရောင်ပြန်ဟပ်ဖန်လုံး Reflective Glass Road Stud လည်းရှိပါသည်။ လမ်းသားတပ်ဖန်လုံးကို လမ်းဧရိယာခွဲခြားသတ်မှတ်ရန်သုံးပြီး၊ ညဖက်ယာဉ်မောင်းနှင်သွားလာသူများအတွက် ဘေးကင်းလုံခြုံမှုကို ပေးသည်။ သိပ်သည်းမှုမြင့်အလင်းတွယ်စိုက်တုံးသည် ရာသီဥတုအခြေအနေအားလုံးအောက် မြင်တွေ့နိုင်မှုအတွက် သင့်တော်သည်။ ဖန်လုံးကိုယ်ထည်မှာ 100 မီလီမီတာအချင်းရှိ ထုလုံးပုံဖြစ်သည်။ ထို့ကြောင့် ယာဉ်မည်သည့်ဖက်မှလာသည်ဖြစ်စေ ၎င်းသည် (360)ဒီဂရီ ပတ်လည်ရောင်ပြန်ဟပ်မှုပေးသည်။ အဖြူနှင့်အဝါဟူ၍ ရွေးချယ်စရာ (2)ရောင်ရှိသည်။

 

 

အီပေါ့စီကော်သည်

အီပေါ့စီကော်သည် ရောင်ပြန်ဟပ်လမ်းသားတွယ်ကပ်တုံးနှင့် 360° လမ်းတွယ်ကပ်ရောင်ပြန်ဟပ်ဖန်လုံးတပ်ဆင်ရန်အတွက် လမ်းသားကို တွယ်ကပ်ပေးသည့် သီးသန့်အထူးဖော်မြူကော်ဖြစ်သည်။ စယမ်းထရက်ဖိခ် ကုမ္ပဏီလီမိတက်၏ Epoxy ကော်၌ ရောစပ်ပစ္စည်း (2)မျိုး ပါရှိသည်။ A ပိုင်းရောစပ်ပစ္စည်းသည် တာရှည်ခံခိုင်ခံ့စေသည့် အီပေါ့စီသားဖြစ်၍ B ပိုင်းရောစပ်ပစ္စည်းမှာ ခြောက်သွေ့မာကျောမှုလျင်မြန် စေသည့် တွန်းအားပေးပစ္စည်းဖြစ်သည်။ ဤနှစ်ပိုင်းကိုသမအောင်ရောစပ်ပေးသည့်အခါ ကြံ့ခိုင်၍ ပတ်ဝန်းကျင်အခြေအနေအောက်၌ အကြမ်းခံသည့် အီပေါ့စီကော်ဂုဏ်သတ္တိ ရလာမည်။ ကုမ္ပဏီ၏အီပေါ့စီကော်သည် သာမာန်အားဖြင့် (30)မိနစ်ထက်မပိုသောအချိန်အတွင်း ခြောက်သွေ့ပြီးနောက် ကောင်းစွာတွယ်ကပ်နိုင်သည်။ ကုမ္ပဏီမှ ရောင်ပြန်ဟပ်လမ်းသားတွယ်ကပ်တုံးနှင့် လမ်းတွယ်ကပ်ရောင်ပြန်ဟပ် ဖန်လုံးအရေအတွက်နှင့်လိုက်ဖက်အောင် အဆိုပါအီပေါ့စီကော် (2)မျိုးစလုံး၏ပမာဏကို စီစဉ်ပေးနိုင်သည်။